
♥ညီမလေးရေ...♥
တချက်ချက်နဲ့ 
နာရီလက်တံတွေက
စည်းချက်မှန်မှန်နဲ့ အချိန်တွေကို တိုက်စား
အလွမ်းတွေအဖြစ် နှိပ်စက်
ရက်စက်လွန်းတဲ့ ဂဏန်းအက္ခရာတွေက
ပြက္ခဒိန်တွေကို ၀ါးမျို
ဖော်မပါတစ်ကိုယ်တည်း
တမ်းတခြင်းပေါင်းများစွာနဲ့ 
မင်းနှုတ်ခမ်းက အနမ်းတွေရော
မင်းအငွေ့ အသက်လေးတွေကိုပါ
ပိုးစိုးပက်စက် လွမ်းနေသလို....
အနားကနေ တစ်ဖ၀ါးမှမခွါ
သိပ်အများကြီး မဟုတ်
နေ့ နဲ့  ညနဲ့  မနက်လောက်ပဲ
ကိုယ့်အနားမှာ ညီမလေးကို
ပြုံးပြုံးရွှင်ရွှင် ရှိစေချင်လိုက်တာ.
♥ညီမလေးရေ..♥
ဘယ်တော့လောက်မှ ဒို့ နှစ်ယောက်နီးရမလဲ??
ဘယ်အချိန်ထိ စောင့်ရမလဲ???
မင်းအနမ်းတွေ...မင်းနှုတ်ခမ်းတွေ
တကယ်ကို တမ်းတလွန်းလို့ 
ဒီရင်မှာ အလွမ်းတွေက
တမ်းတခြင်းတွေနဲ့ 
မီးလိုလောင်ကာကျွမ်းနေပြီ ညီမလေး
ဒါပေမယ့်...
ဘယ်လောက်ပဲဝေးဝေး.....
ညီမလေးနဲ့ နီးနီးလေးပါလို့ 
ကြယ်ပွင့်လေးတွေက
ပြုံးပြီးနှစ်သိမ့်ပေးနေတရ်
လမ်းပြပေးပါဦး ကြယ်ပွင့်လေးရေ..
ညီမလေးနဲ့  နီးဖို့ အတွက်ပေါ့...
အနေတွေဝေးလို့  သွေးအေးသွားမှာ
သေမလောက်ကြောက်နေမိ
ကိုယ့်ရင်မှာတော့ ညီမလေးတစ်ယောက်ပဲ
ထာဝရရှိနေမှာပါ...
စိတ်ဓါတ်တွေ အားတင်းထားနော်
ကိုယ်တို့  တစ်နေ့ တော့ ဆုံနိုင်မှာပါကွာ
အခုတော့.....
တစ်ယောက်နဲ့ တစ်ယောက်က
ဝေးတစ်မြေစီမှာမို့ 
ဖုန်းလေးထဲက အလွမ်းပြေအနမ်းတွေနဲ့ ပဲ
ကိုယ်စီပေးလို့  ကျေနပ်ရမှာပေါ့....
♥ညီမလေးရေ♥
ညီမလေးပြောထားတဲ့အတိုင်း
ဘေးစကားတွေ နားမယောင်သလို
ကိုကိုတို့  ဘယ်တော့မှ မဝေးကြေးနော်
နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်
ဆွယ်တော်ပင်က အရွက်ကလေးလို
ကိုယ်တို့ အချစ်တွေနဲ့ 
နှလုံးသားနှစ်ခု ထပ်တူကျ
တစ်ခုတည်း ဖြစ်စေရပါမရ် ညီမလေး....
ကြားဖူးတဲ့ ကဗျာတစ်ပုဒ်ရွတ်ပြမရ်နော်
နားနဲ့ မနာ ဖ၀ါးနဲ့ မနာ
နှလုံးသားနဲ့ နာတော်မူပါ
♥ကမ္ဘာတစ်ခြမ်းဆီမှာ
သူကလည်း ကိုယ့်ကိုလွမ်း
ကိုယ်ကလည်း သူ့ ကိုလွမ်းနဲ့ 
အဲ့သလို
အလွမ်းတွေကို တံတားထိုးရင်း
တစ်နေ့ နေ့ ဆိုတာတွေ စိုက်ပျိုးဖြစ်ခဲ့တရ်တဲ့
♥အခု....
ကိုယ်တို့ လည်း
နောင်တစ်ချိန် ဆုံနိုင်ခွင့်ကို တမ်းတရင်း
ဖုန်းလေးထဲ အလွမ်းပြေ အနမ်းပေးလိုက်ဦးမရ်....
အာဘွားးးး ♥♥♥ Mw@hhh ♥♥♥ :kiss ♥♥♥ :)
♥(အေးစိမ့်တဲ့ မိုးညတွေမှာ အိပ်ရေးဝနိုင်ပါစေ ညီမလေးရေ...နောင်တစ်ချိန်မှာတော့ အနမ်းနွေးနွေးနဲ့  ထွေးဖက်ပေးပါ့မရ်)
♥(ဘန်နီဖြိုး၏ အလွမ်းပြေအနမ်းသီချင်းကို တိုက်ဆိုင်မှုရှိပါသောကြောင့် ခံစားရေးစပ်လိုက်ခြင်း ဖြစ်ပါ၏)
♥(ကမ္ဘာတစ်ခြမ်းဆီမှာ လွမ်းနေကြတဲ့ ချစ်သူများအတွက် ရည်ရွယ်ပါ၏....အားလုံးပဲ အပြုံးများစွာနဲ့  အလွမ်းပြေနိုင်ကြပါစေဗျာ)
♥နက္ခတ်သျှင်♥
♥21st jan 2010♥
♥02;51 AM♥
♥THU♥
Rangoon Time
Moscow Time
နီးကျရဖို့ ခနဝေးနေရတာပါ..........
ReplyDeleteဘ၀တူတွေလာတွေ့ နေပါလားကွ.ကဗျာကအရမ်းကောင်းလို့ 
ReplyDeleteခံစား၇တယ် .ပြန်လျော်ပေးတော့...။
အလွမ်းချင်းတထပ်တည်းကျနေပါလားဗျာ..ကဗျာလေးတွေက
ReplyDeleteတအားခံစားရတယ်။