Monday, March 15, 2010

@ ငါ့ရင်ခွင်ကို @

@ မိုးသောက်ကြယ် @

Saturday, March 13, 2010

@ အထူးဧည့်သည် @

@ မျောက်ဖြစ်ချင်တရ် @

@ နေညိုရင် @

@ နှစ်ပတ်လည် @

@ ချစ်တရ်ဟုတ် @

Friday, March 5, 2010

@ ပုံပြင်ထဲမှာ ချန်ထားခဲ့သူ @

@ N0B0dy.......But Y0u @

@ မျှော်လင့်မထားတဲ့အချိန် @

@ နင်စေရင် @

@ ၀န်ခံပါ @

@ နှုတ်မဆက်ချင်ဘူး @

@ မေ့လိုက် @

Saturday, February 27, 2010

@ အရမ်းပဲချစ်နေပြီ @

@ အချိန်နဲ့ နေရာ @

***ငါသိပ်ချစ်မိတဲ့ မင်းလေးအနားကို ဘယ်လိုရောက်မလဲ အမြဲတမ်းတွေးလို့  ဘယ်အချိန်ဘယ်နေရာဖြစ်ဖြစ် ဆုံချင်တာပေါ့ ကလေးရရ်***

Monday, February 22, 2010

@ Halo @

Tuesday, February 16, 2010

@ R!ght H3r3 W@!t!ng F0r Y0u @

@ မချစ်လို့ မှ မဟုတ်တာ @

Sunday, February 14, 2010

@N3v3r S@y G00d By3@

@ဟိုအရင်လို@

@သူငယ်ချင်း@

Saturday, February 13, 2010

@ညီမလေးအတွက် V`s-D@y အမှတ်တရ@

@နောက်ဆုတ်ဖို့  ကြိုးစားရင်းနဲ့ @

@လွမ်းနေပြီ@

@လမ်းကြုံရင်ပြောပေးပါ@

Thursday, February 11, 2010

@Truly M@dly D33ply @

Wednesday, February 10, 2010

@I Kn3w I L0v3d Y0u@

Saturday, February 6, 2010

***3rd M0nth Anniv3rs@ry***

Thursday, January 28, 2010

@ကောင်မလေး@

@စကာၤပူက ခ်စ္သူ@

@ကမ္ဘာငယ်လေး@

Thursday, January 21, 2010

♥♥♥အလွမ်းပြေအနမ်း♥♥♥





♥ညီမလေးရေ...♥
တချက်ချက်နဲ့ 
နာရီလက်တံတွေက
စည်းချက်မှန်မှန်နဲ့ အချိန်တွေကို တိုက်စား
အလွမ်းတွေအဖြစ် နှိပ်စက်
ရက်စက်လွန်းတဲ့ ဂဏန်းအက္ခရာတွေက
ပြက္ခဒိန်တွေကို ၀ါးမျို
ဖော်မပါတစ်ကိုယ်တည်း
တမ်းတခြင်းပေါင်းများစွာနဲ့ 
မင်းနှုတ်ခမ်းက အနမ်းတွေရော
မင်းအငွေ့ အသက်လေးတွေကိုပါ
ပိုးစိုးပက်စက် လွမ်းနေသလို....
အနားကနေ တစ်ဖ၀ါးမှမခွါ
သိပ်အများကြီး မဟုတ်
နေ့ နဲ့  ညနဲ့  မနက်လောက်ပဲ
ကိုယ့်အနားမှာ ညီမလေးကို
ပြုံးပြုံးရွှင်ရွှင် ရှိစေချင်လိုက်တာ.

♥ညီမလေးရေ..♥
ဘယ်တော့လောက်မှ ဒို့ နှစ်ယောက်နီးရမလဲ??
ဘယ်အချိန်ထိ စောင့်ရမလဲ???
မင်းအနမ်းတွေ...မင်းနှုတ်ခမ်းတွေ
တကယ်ကို တမ်းတလွန်းလို့ 
ဒီရင်မှာ အလွမ်းတွေက
တမ်းတခြင်းတွေနဲ့ 
မီးလိုလောင်ကာကျွမ်းနေပြီ ညီမလေး
ဒါပေမယ့်...
ဘယ်လောက်ပဲဝေးဝေး.....
ညီမလေးနဲ့ နီးနီးလေးပါလို့ 
ကြယ်ပွင့်လေးတွေက
ပြုံးပြီးနှစ်သိမ့်ပေးနေတရ်
လမ်းပြပေးပါဦး ကြယ်ပွင့်လေးရေ..
ညီမလေးနဲ့  နီးဖို့ အတွက်ပေါ့...
အနေတွေဝေးလို့  သွေးအေးသွားမှာ
သေမလောက်ကြောက်နေမိ
ကိုယ့်ရင်မှာတော့ ညီမလေးတစ်ယောက်ပဲ
ထာဝရရှိနေမှာပါ...
စိတ်ဓါတ်တွေ အားတင်းထားနော်
ကိုယ်တို့  တစ်နေ့ တော့ ဆုံနိုင်မှာပါကွာ
အခုတော့.....
တစ်ယောက်နဲ့ တစ်ယောက်က
ဝေးတစ်မြေစီမှာမို့ 
ဖုန်းလေးထဲက အလွမ်းပြေအနမ်းတွေနဲ့ ပဲ
ကိုယ်စီပေးလို့  ကျေနပ်ရမှာပေါ့....

♥ညီမလေးရေ♥
ညီမလေးပြောထားတဲ့အတိုင်း
ဘေးစကားတွေ နားမယောင်သလို
ကိုကိုတို့  ဘယ်တော့မှ မဝေးကြေးနော်
နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်
ဆွယ်တော်ပင်က အရွက်ကလေးလို
ကိုယ်တို့ အချစ်တွေနဲ့ 
နှလုံးသားနှစ်ခု ထပ်တူကျ
တစ်ခုတည်း ဖြစ်စေရပါမရ် ညီမလေး....
ကြားဖူးတဲ့ ကဗျာတစ်ပုဒ်ရွတ်ပြမရ်နော်
နားနဲ့ မနာ ဖ၀ါးနဲ့ မနာ
နှလုံးသားနဲ့ နာတော်မူပါ
♥ကမ္ဘာတစ်ခြမ်းဆီမှာ
သူကလည်း ကိုယ့်ကိုလွမ်း
ကိုယ်ကလည်း သူ့ ကိုလွမ်းနဲ့ 
အဲ့သလို
အလွမ်းတွေကို တံတားထိုးရင်း
တစ်နေ့ နေ့ ဆိုတာတွေ စိုက်ပျိုးဖြစ်ခဲ့တရ်တဲ့

♥အခု....
ကိုယ်တို့ လည်း
နောင်တစ်ချိန် ဆုံနိုင်ခွင့်ကို တမ်းတရင်း
ဖုန်းလေးထဲ အလွမ်းပြေ အနမ်းပေးလိုက်ဦးမရ်....
အာဘွားးးး ♥♥♥ Mw@hhh ♥♥♥ :kiss ♥♥♥ :)

♥(အေးစိမ့်တဲ့ မိုးညတွေမှာ အိပ်ရေးဝနိုင်ပါစေ ညီမလေးရေ...နောင်တစ်ချိန်မှာတော့ အနမ်းနွေးနွေးနဲ့  ထွေးဖက်ပေးပါ့မရ်)

♥(ဘန်နီဖြိုး၏ အလွမ်းပြေအနမ်းသီချင်းကို တိုက်ဆိုင်မှုရှိပါသောကြောင့် ခံစားရေးစပ်လိုက်ခြင်း ဖြစ်ပါ၏)

♥(ကမ္ဘာတစ်ခြမ်းဆီမှာ လွမ်းနေကြတဲ့ ချစ်သူများအတွက် ရည်ရွယ်ပါ၏....အားလုံးပဲ အပြုံးများစွာနဲ့  အလွမ်းပြေနိုင်ကြပါစေဗျာ)

♥နက္ခတ်သျှင်♥
♥21st jan 2010♥
♥02;51 AM♥
♥THU♥

Tuesday, January 19, 2010

@အလွမ်းပြေအနမ်း@


Find more videos like this on FOREVER FRIENDS ထာဝရသူငယ်ချင်းများ

@အွန်လိုင်းချစ်သူ@

@မြို့ ပြရဲ့  ည@

***တေမိစောင်း***


* နမ်းဖူးချင်သည်
သခင်ပွင့်ဖတ်၊၀တ်မှုန်ထပ်သင်း
ပျံ့ ညင်းလေပြည်၊မလွင့်ဝေခင်

* လွမ်းဖူးချင်သည်
သခင်သိအောင်၊ရည်စောင်းရေးဖွဲ့ 
ဆွေးသဲ့သဲ့ရှိုက်၊မမှောင်မိုက်ခင်

* ချစ်ဖူးချင်သည်
တမင်မပြော၊ရင်ထဲမောကြောက်
"တက်"ခေါက်မာန်တင်း၊ခြေမနင်းခင်
ဒါပေမယ့်လည်း......
မနမ်းရဲပါ။

* ၀မ်းနည်းမြိုသိပ်၊တိုးတိတ်တမ်းတ
ကြိတ်မှိတ်လွမ်းလို့  နေရတရ်
ဒါပေမယ့်လည်း......
မလွမ်းရဲပါ။

* လမ်းခွဲမှာစိုး၊ခင်မင်ကြိုးလေး
ဆွေးမြေ့ သွားမှာ စိုးနေတရ်
ဒါ့ကြောင့်မို့ လည်း......
မချစ်ရဲပါ။

* မေတ္တာသံစဉ် သံယောဇဉ်ကြိုး
ပြတ်မှာစိုးလို့ 
စောင်းကြိုးလေးတွေ ဖုန်တက်နေ။ ။
(မှတ်ချက်။ ။ဆရာမောင်လှမျိုး၏ ရင်တွင်းခံစားချက် ကဗျာဖြစ်ပါသည်။)

***တိတ်ဆိတ် ......ကြိတ်မှိတ်***



ငိုလို့ မရတော့တဲ့
လူတစ်ယောက်ရဲ့  ရင်ထဲမှာ
ဝမ်းနည်းစရာတွေ ကုန်ခန်းသွားပြီလို့ 
မင်းထင်ရက်သလား........
ငါသာ ကောင်းကင်ကြီး ဖြစ်ခဲ့ရင်
မိုးရေစက်တွေ
ရွာချလိုက်ချင်ပါရဲ့ 
ကြည့်စမ်းပါဦး
မင်းကို ဆုံးရှုံးတော့မရ်ဆိုတဲ့ အသိက
ရင်မချိအောင် ခံစားလိုက်ရပုံများ
ဘာစကားမှ ပြောမထွက်တော့ဘူး
မင်းကို နှုတ်ဆက်ဖို့ 
ငါ့လက်တွေ ထုံကျင်နေသလို
မင်းရဲ့ ကျောပြင်ကို
ငေးကြည့်ကျန်ရစ်ဖို့ 
ငါ့မျက်လုံးတွေ
ေ၀၀ါးနေရပြီ.....
အဲဒါ မျက်ရည်တွေလား.......
ဘာမှမပြောဘဲ
ခံစားနေရတာချင်း အတူတူ
ကောင်းကင်ကြီးကမှ
ရွာချခွင့် ရပါသေးရဲ့ 
ငါ့မှာတော့...... ......

(အမည်မသိ)

***ဒီဇင်ဘာဆောင်းညတွေကို ဖြတ်သန်းခဲ့ရတဲ့ ငါ့အကြောင်း***


အတိတ်ကို မေ့မရလေသမျှ
စိတ်ထဲက မင်းပုံရိပ်တွေဟာ
နှင်းတွေလိုတော့ ပြိုမဆင်းသွားပါဘူး.....
ငါ့ရဲ့ ည အိပ်မက်မှာလည်း
မင်းပုံရိပ်တွေက ထင်ဟပ်နေဆဲပါပဲ
တောင်ရောက် မြောက်ရောက် အတွေးတွေကို
စုစည်းပြန်တော့လည်း
မင်းအရိပ်ပဲ စိုးမိုးနေတရ်.....

သူများတွေ တစ်ရေးနိုးချိန်မှာ
ငါက တစ်မှေးမှ အိပ်မပျော်
ချမ်းစိမ့်စိမ့် အအေးဓါတ်ကို
အနမ်းနွေးနွေးနဲ့  ထွေးဖက်ခံချင်ပေမယ့်
အလှမ်းဝေးနေတဲ့ ချစ်သူလေးကြောင့်
ဒီဇင်ဘာဆောင်းညတွေမှာ
အိပ်ရေးမ၀လိုက်တာ အချစ်ရာ

(အမည်မသိ)

***မြစ်တစ်စင်း နှင့် ချစ်ခြင်း***


သခင်..........

အကျွန့် ၏ သခင့်အပေါ်တွင်ထား ရှိသော ချစ်မြတ်နိုးခြင်းသည် အကျွန်၏ ရင်တွင်းမှ အကျွန်ကိုယ်တိုင် ဖန်ဆင်းထားသော သမုဒယ မြစ်တစ်စင်းသာ ဖြစ်ပါသည်.........

မြစ်တို့ မည်သည်......
စုန်ရေသာ ရှိကြကုန်၏ ။ ဆန်ရေမရှိ ။ ထို့ အတူ သခင့်အား ချစ်မြတ်နိုးခြင်းသည်လည်း အကျွန့် ထံမှ
အသွားပဲရှိ၍ အပြန်လာလိမ့်မည် မဟုတ်ကိုလည်း အကျွန်သိခဲ့ပါ၏ ။ မြစ်တစ်စင်း၌ ဆန်ရေပြန်တက်ခဲ့သော် လူအများအံ့
သြထိတ်လန့်  ပြောစမှတ်တွင်ကြပေလိမ့်မည် ။ သခင်၏ ချစ်ခြင်းအား အကျွန့် ကို ပေးသနားတော် မူခဲ့သော် အကျွန်တို့ 
လည်း လူပြောစရာ ဖြစ်လာပေလိမ့်မည် ။ သခင်၏ ချစ်ခြင်းအား များစွာ မမျှော်လင့်ခဲ့သော်လည်း တိတ်တဆိတ် အကျွန်
တောင်းတနေခဲ့ပါ၏ ။ သခင်၏ သနား ချစ်ခြင်းကိုလည်း ခံယူချင်ပါသည် ။ အကျွန့် ၏ ချစ်ခြင်းများသည် အခါအားလျော်စွာ
စုန်ရေကဲ့သို့ သာ ရှိခဲ့ပါသည် ။

သခင်................

* ဘ၀ * ဟူသည် အကွေ့ အကောက်များလှသော မြစ်တစ်စင်းကို ဖြတ်ကျော်ရသကဲ့သို့  ဖြစ်ချေ၏ ။ အသို့ 
ကြောင့် အကျွန်၏ ချစ်ခြင်းဖြစ်သော မြစ်တစ်စင်းမှသာ သခင့်လိုရာ ခရီးရောက်အောင် ပို့ ဆောင်ပေးချင်ပါသည် ။ ဘ၀ဆို
သော ရေလမ်းခရီးကို ဖြတ်သန်းရာ၌ သခင် အလွယ်တကူ ဖြတ်သန်းစေနိုင်အောင် အကျွန့် ၏ *စေတနာ*ဆိုသော လှေကလေးလည်း အသင့် ရှိနေပါပြီ ။ ရေလမ်းခရီး၌ သခင်ငြီးငွေ့ ဖွယ်စိုးသဖြင့် အကျွန့် ၏ *မေတ္တာ*ဟု ကင်ပွန်းတပ်ထားသော မြစ်ရေ ခတ်သံများဖြင့် သခင့်အား ဖျော်ဖြေပါမည် ။ လေပြင်းများ၏ အန္တရာယ်မှ ကာကွယ်ရန် အကျွန့် ၏ *အကြင်နာ* များဖြင့် လွှမ်းခြုံ ကာကွယ်ပါမည် ။ အကျွန့် ၏ *သံယောဇဉ်* မည်သော သံစဉ်များဖြင့် သခင် နားသောတဆင်နိုင်ပါသည် ။ သို့ အပြင် အကျွန် ၏ နှလုံးသည်းပွတ်မှ ထွက်သော စကားများဖြင့် သခင် ရွှင်ပြုံးစေရပါမည် ။ အကျွန့် ၏ *နွေးထွေးအေးမြခြင်း* ခေါ်ဆိုသော စေတမာန်တော် ဇင်ယော်ကလေးများနှင့်လည်း ကပြဖျော်ဖြေပါမည် ။ ထိုအရာ အားလုံးသည် သခင့်အား မျှော်လင့်စောင့်စားနေကြပေကုန်၏ ။

သို့ သော်............
ယခု.............
သခင်သည် အကျွန်ရှိရာဘက်သို့  ဖ၀ါးတော်မျှ မလှမ်းပဲ အကျွန်နှင့် အလှမ်းဝေးသော အခြားလမ်းဆီသို့ သာ ခြေမြန်းပေတော့မည် ။ အကျွန့် ၏ ရင်တွင်း၌ ပြင်းစွာ ခံစားရခြင်းသည် မသက်သာ ။ အကျွန့့်အသည်းပြင်သည် တစပြင်ကဲ့သို့ နှယ် အသွင်တူပေတော့၏ ။ သခင်နှင့် အကျွန်သည် တဖြည်းဖြည်းနှင့် ဝေးကွာပေတော့မည် ။ သခင်နှင့်အတူ ဖြတ်သန်းချင်သော နေ့ ရက်များကို အကျွန် မပိုင်ဆိုင်နိုင်တော့ ။ သခင့်အား ဆုံးရှုံးရခြင်းသည် ကြီးစွာ ဆုံးရှုံးခြင်း မည်ပေ၏ ။ သခင့်အား အကျွန့် အသည်း အသက်နှင့် ရင်းမတတ် ချစ်မြတ်နိုးခဲ့ပါသည် ။ ထိုအရာများကို သခင် သိပါလေစ ။ အကျွန်သည် သခင်ထားခဲ့သောနေရာ၌်ငြိမ်သက်စွာ နေရစ်ခဲ့ပါမည် ။ သခင်ပေးခဲ့သော အလွမ်းများနှင့် ပျော်မွေ့ ပါမည် ။ သခင်၏ ဘ၀၌ အကျွန်မရှိခဲ့သော်လည်း အကျွန့်  အသည်းပြင်တွင် သခင်တစ်ယောက်သာ အစဉ် ထာဝရ ရှိစေရပါမည် ။ အကျွန်သည် သခင် သင်ပေးခဲ့သော ချစ်တတ်ခြင်းနှင့် ကျေနပ်ပါတော့မည် ။ သခင်နေစေချင်သော ဘ၀၌ ခြေအစုံချနေပါတော့မည် ။ အကျွန့် ဘက်သို့  တစ်ချက်မျှ လှည့်မကြည့်ပဲ အရှေ့ သို့ သာ ဆက်သွားတော်မူပါ သခင်။

သခင်................
အဆုံး၌ အကျွန့် ၏ ရင်တွင်းမှ မြစ်တစ်စင်းသည်လည်း သခင့်အား ဆုံးရှုံးခြင်းကြောင့် ကြီးစွာ ပျက်စီး၍ သည်းစွာ ငိုကြွေးနေပေသည် ။ အသို့ သော် အကျွန့် မှာ မငိုကြွေး ။ သခင့်အား မျှော်လင့်နေသော အရာများလည်း လူးလိမ့်ခံစားနေရရှာပေသည် ။ အသို့ သော် အကျွန့် မှာ မခံစား ။ အကြောင်းမည်သည် အကျွန့် အသည်းကို သခင့်အား အပြီးအပိုင် ပေးအပ်လိုက်သောကြောင့် ဖြစ်ပေ၏ ။ အထိုသော အသည်းမရှိ၍ ခံစားရသော ဝေဒနာသည် အဘယ်မျှ ပြင်းထန်ခံစားရသည်ကို သခင် မသိ မမြင်ပါစေနှင့်ဟု အကျွန် ရေရွတ်မိလေသည် ။ ။( သခင်တော်ရာမှာ ပျော်ပျော်နေနိုင်ပါစေ)

*သခင်* မုန်းမတတ် ချစ်မြတ်နိုးခဲ့မိသော

* အကျွန်*

နက္ခတ်သျှင

***နှစ်ချို့ ဆူး***


ကောင်မလေးရေ............

ဘ၀မှာ ......
မဖြစ်သင့်တာ ဖြစ်တတ်သလို
အချစ်မှာလည်း......
မချစ်သင့်တာ ချစ်တတ်ကြစမြဲပါပဲ
ကံဇာတာဆိုတာ
ငါ့ဘက်မှာ မရှိခဲ့သလို
ကံကြမ္မာကလည်း တလွဲပဲပေါ့
မင်း နဲ့  ငါ စတွေ့ တဲ့ အချိန်တုန်းက
Cupid ကလည်း မြှားနဲ့  မပစ်ဘဲ
ဘာ့ကြောင့်မို့ .......
မင်းအချစ်မြှားက
ရင်မှာစူးနစ်ပြီး
မူးယစ်စေခဲ့တာလဲ
အချစ်ဆိုတာ.......
ဆူးတစ်ချောင်းဖြစ်ပြီး
စူးနေတဲ့အချိန်မှာလည်း နာသလို
နှုတ်လိုက်တဲ့အချိန်မှာလည်း နာပါရဲ့ 
အခုတော့............
ငါ့မှာ စူးနေတဲ့ ဆူးကို
နှုတ်လိုက်ပေမယ့်လည်း
ကောင်မလေးရေ......
ငါ့အသည်းမှာ အနာရင်းလို့ 
အတွင်းထိတောင် လှိုက်စားနေတဲ့
နှစ်ချို့ ဆူးက ငါ ခံစားလိုက်ရတာများ
ရူးမတတ်ပါပဲလား.....။ ။

နက္ခတ်သျှင်

***အရှုံးထဲမှာ ပြုံးနေမိသူ***


မျှော်လင့်မှန်းဆနေချင်ပါရဲ့ 
နင်လာမယ့် လမ်းဆီကိုပေါ့
ဒါပေမယ့်လည်း..........
နင်က ယောင်ရမ်းတမ်းတလို့ တောင်
ခြေတစ်လှမ်းမှ မလှမ်းတာ
ဖြေသာချင်ပါရဲ့ 
ငါ့ဝေဒနာတွေကိုပေါ့
ဒါပေမယ့်လည်း.........
သေရာပါ ဖြစ်နေတော့
အဖြေရှာလည်း ရူးမှာပါပဲ
အပြစ်တင်ချင်ပါရဲ့ 
ငါ့ အသည်းနှလုံးကို
လိုမှ သုံးတဲ့ နင့်ကို
ဒါပေမယ့်လည်း.........
ငါက အဲအရှုံးတွေထဲမှာ
ဘာ့ကြောင့် ပြုံးနေမိပါလိမ့်
သတ်မှတ်ချင်ပါရဲ့ 
နင် ရက်စက်တရ်လို့ 
ဒါပေမယ့်လည်း.........
ငါက နင်နဲ့  ပတ်သက်ရမှ
နေတတ်တဲ့ကောင်ကိုး
အခုတော့...........
အရင်လိုပဲပေါ့
မရေရာ မသေခြာတဲ့ ငါဟာ
အထီးကျန်လမ်းမှာ
အကျည်းတန်စွာနဲ့  လှမ်းလျှောက်နေဆဲပါပဲ....။ ။

နက္ခတ်သျှင်

***ချစ်သူ***


မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်.......
အလွန်ဝေးကွာသည့် နေရာသို့  ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်.....
အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်.....
သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
ငါ၏ ချစ်သူသာ ဖြစ်ပါသည်.......။ ။
မောင်စိန်ဝင်း(ပုတီးကုန်း)

***မျှော်လင့်ခြင်း မှတ်တမ်းရှည်***


လွမ်းတိုင်းလည်း ကဗျာရေး၊ ကြွေတိုင်းလည်း ဖွဲ့ နွဲ့ ၊ ဆွေးတိုင်းလည်း ငို
သတိရတိုင်းမှိုင်တွေ၊ ခံစားရတိုင်း ဆေးလိပ်သောက်၊ ကြာလာတော့မှောက်အိပ်
အိပ်နေတော့ အလုပ်ပျက် ၊ခက်တာက မင်းနဲ့ မနီးနိုင် ၊ဆိုင်ဆိုင်မဆိုင်ဆိုင်
မင်းအကြောင်းရေရွတ် ၊ဆွတ်ပျံ့ ဖွယ် မင်းအသံ၊စံထိုက်တဲ့ မင်းအလှ
ခစားတဲ့ ငါယောကျာ်း မှားနေလားလို့ 
ဘယ်လိုပဲဆိုဆို ငိုနေရင် အရှုံး၊ပြုံးနေလည်း မင်းအမှား၊ သွားလေရာ မင်းအရိပ်
အိပ်နေလည်း မင်းအကြောင်း၊ခေါင်းထဲက မထုတ်နိုင်၊ခိုင်မာတဲ့ ငါ့အချစ်
ပစ်ကွယ်လို့  မင်းမုန်းမုန်း၊အရှုံးရဲ့ အဆက် အမုန်းရဲ့ တစ်ဖက်မှာ
ဆွေးလျက်သာလျှင် ၊ ယဉ်ယဉ်လေးရူး
သူသာလျှင် ငါ့ဘ၀ သူသာလျှင် ငါ့ကမ္ဘာ ငါ့ကဗျာ မင်းအကြောင်း
အဟောင်းတွေသာ အသစ်ဖြစ် ရစ်ရစ်ကာ နောက်ပြန် ကံကိုသာ ယုံကြည်ခဲ့ပေမယ့်
စုန်တစ်ချည် ဆန်တစ်လှည့်နဲ့  ပြန်ခဲ့တဲ့ ခရောင်းလမ်းမှာ အရှုံးတွေထမ်း။ ။

ကိုအောင်ချမ်းလင်း(မိုးကုတ်)

***ကိန်းသေ***


မထင်မှတ်သော စကားတစ်ခွန်း
မမျှော်လင့်သော အရာတိုင်းကို
လက်ခံရတဲ့အခါမှာ
ကြီးစွာသော ပျော်ရွှင်မှုကို ရရှိစေသလို
ကြီးစွာသော ၀မ်းနည်းမှုကိုလည်း ရရှိစေတတ်ပါတရ်...........
အချစ်က ဘာလဲလို့ မေးခွန်းတွေ အထပ်ထပ်မေးချင်နေပေမယ့်
မဆုံခင်ကတည်းက ဝေးနေခဲ့ရတာပဲ.......
မတူညီမှုတွေ များစွာထဲက
မင်းနဲ့ ပတ်သတ်တဲ့ အရာတိုင်းကို
ချစ်နိုင်အောင် ကြိုးစားခဲ့တာ ငါ့ရဲ့ အမှားလား...........
ချစ်သူက ထိလိုက်တဲ့ အရာတိုင်းကို
အလှဆုံးလို့  ယုံကြည်မိတဲ့သူက
ကိုယ်ဖြစ်နေတရ်လေ.......
ထားလိုရာမှာ ထားခဲ့ပါ
စေလိုရာကို ခရီးနှင်ပါ
ပိုင်ဆိုင်ခွင့်ဆိုတာ
လက်လှမ်း မမှီရင်တောင် အဝေးကနေ ချစ်နေပါရစေ........
ချစ်သူအပေါ် မပြောင်းလဲနိုင်တဲ့ ခံယူချက်က
နားလည်ခြင်းတရားနဲ့ ပေးဆပ်ခြင်း သက်သက်ပါလို့ 
ထပ်ခါ ထပ်ခါ ပြောချင်ပေမယ့် အင်အားတွေ မဲ့နေခဲ့ရတရ်.......
စကားလုံးတွေအစား မျက်ရည်တွေပဲ အစားထိုးမိတာကို
ပျော့ညံ့လွန်းတရ်လို့  ဆိုလေမလား.....
ကောင်မလေးရရ်.............
အဝေးဆုံးမှာထားခဲ့ရင်တောင်
ကျေနပ်စွာနဲ့  နေခဲ့မှာပါ
ပေးခဲ့ဖူးတဲ့ အရာတိုင်းကို ပြန်ယူသွားဆိုရင်လည်း ယူသွားပါ့မရ်.........
ဒါပေမယ့်...............
မင်းကို ချစ်တဲ့ အချစ်တော့ ပြန်ယူမသွားပါရစေနဲ့ ကွာ..................


AuTumn

***Зэяо မှသည် Нэяо >>>>>> Нэяо မှသည် Зэяо သို့ ***


ချစ်သူ.........
ဟိုအရင် တစ်ချိန်ကဆို
မင်းရဲ့  ရာဇ၀င်မှာ ငါက Heroတဲ့
အဲ့ဒိတစ်ချိန်ကဆို......
ငါဆိုပြခဲ့တဲ့ သီချင်းတွေက
မင်းအတွက် အလွန်နားဝင်ချိုခဲ့တရ်တဲ့
ညအိပ်ရာဝင်ခါနီးတိုင်း
ငါ ဖုန်းထဲကနေ
သီချင်းဆိုမသိပ်ခဲ့တဲ့ ညတွေမှာ
ဘယ်လိုမှ မအိပ်စက်တတ်ခဲ့ပါဘူးလို့ 
ပြောခဲ့တဲ့မင်းက
အခုတော့.....
Ipod လေးနဲ့  မှေးစက်တတ်နေပြီလား....
မြင်လှည့်ပါ ချစ်သူ......
ငါ့သံစဉ်တွေက မင်းမရှိတော့
နရီစည်းဝါး မဲ့နေလိုက်တာများ
နားခိုရာ ကင်းတဲ့ ငှက်ငယ်အလားပေါ့
ဟော....မင်းချစ်ခဲ့ဖူးတဲ့ ငါ့ဂစ်တာလေးလည်း
ဟိုချောင်မှာ ငိုနေပါ့လား.....
ငါ့ဘ၀မှာ မင်းမရှိမှတော့
အရာရာဟာ ရှင်သန်ခြင်း နတ္ထိပါလား.....
အခုတော့......
မင်းရဲ့  တစ်ချိန်က Hero လေးဟာ
မင်းမရှိတော့ ......................
(တခြားသူတွေအတွက် ငါ Zero ဖြစ်နေပေမယ့် ငါ မင်းအတွက်တော့ Hero ဖြစ်ချင်ပါတရ်)
(ဘီယာမူးကြောင်ကြောင်နှင့် ဒူးတစ်ချောင်းထောင်ပြီးရေးသည်)
ပုံ/
နက္ခတ်သျှင်
26th Oct 09
23:38 pm

***ခမ်းနားခဲ့တဲ့ နိဒါန်း ရင်ဖိုစေခဲ့တဲ့ စာကိုယ်နဲ့  အဆုံးသတ်ကတော့.......????***


ကျနော်နဲ့ သူမရဲ့ 
နိဒါန်းလေးက ခမ်းနားခဲ့ပါတရ်
သူမက
သိပ်တော့ မဆန်းပြားပေမယ့်
ကျနော် သူမကို ရင်နှစ်ခြမ်း
ဗြမ်းဗြမ်းကွဲအောင် ချစ်ခဲ့မိပါတရ်
သူမရဲ့  အသံချိုချိုလေးကို
စာစီခဲ့တာ ကဗျာမမှီခဲ့သလို
စာလည်းမပီခဲ့ပါဘူးဗျာ.....
ကျနော့်ရဲ့  စာကိုယ်က ဒီလိုဗျ...
ရင်ခုန်ခဲ့ပါတရ်
သာယာခဲ့ပါတရ်
သူမဆိုပြခဲ့တဲ့ သီချင်းတွေကြားထဲမှာ
ကျနော် မျောပါသွားခဲ့မိပါတရ်
တစ်ယောက်နဲ့  တစ်ယောက်
မငြီးငြူ မငြူဆူပဲ
သီချင်းတွေ အတူဆိုခဲ့ကြတာကိုပေါ့
ကျေးဇူးတင်ပါတရ် ကောင်မလေး
အပေါ်ယံ ဟန်ဆောင်ပေးခဲ့တဲ့အတွက်ပါ
ကျနော် ဘာမှားခဲ့ပါသလဲ......
သူမနဲ့  ကျနော့်ကြားမှာ
သဘောထားကွဲပြားမှုမရှိအောင်
သူ့ အလိုကျ ကျနော် နေပြခဲ့တာပဲလေ.....
ထားခဲ့ပါတော့ ကောင်မလေး...
သူမက အရင်ကတည်းက သွားနှင့်ခဲ့တဲ့သူပဲကိုး.....
အဲ့ဒိကတည်းက
သူမကို နားလည်ခဲ့ပါတရ်.....
တစ်နေ့ တော့......
သူမက ကျနော့်ကို
မေ့လိုက်ပါတော့တဲ့
ရူးမတတ်ချစ်ခဲ့ဖူးတဲ့
ဟိုအရင်အချိန်မျိုးဆို
ကျနော် ငိုနေမိမှာပဲလို့  တွေးမိတရ်..
ကျနော်လူရည်မလည်ပေမယ့်
မအဘူးဆိုတာ သူမ သိအောင်
လှောင်ရယ်သံတစ်ချက်
ဟက်ခနဲရယ်ပြလိုက်ဖို့ 
ကြိုးစားလိုက်တာ......ကျနော် အသက်မဲ့နေသလိုပဲဗျာ
ဟောဗျာ.......!!!.
ခံစားတတ်တဲ့ ကျနော့် နှလုံးသား
ဘယ်ရောက်သွားပါလိမ့်...???
ပြန်မတောင်းတော့ပါဘူး....
သူမကို ထာဝရပေးခဲ့ဖူးတာကိုး....
ကျနော်တို့ နှစ်ယောက်ရဲ့ 
အချစ်မဲ့ခဲ့တဲ့နိဂုံးကို
အဆုံးသတ်ရတော့မှာပေါ့....
သူမထားသွားခဲ့တာ
ကျနော်မငိုဘူးဆိုတာ ခင်ဗျားတို့ သိတရ်နော်.......
တိုက်တိုက်ဆိုင်ဆိုင်ဗျာ......
ရသရဲ့  စိတ်လျှော့လိုက်ပါတော့သီချင်းကလည်း
သူမထားသွားတဲ့အချိန်နဲ့ 
ကွက်တိလာနေပါရော့လား.....
ဟောဒီမျှော်လင့်ချက်က
အတော်ရင့်ကျက်လာခါမှ
တစ်စစီ ရိုက်ချိုးခံလိုက်ရတရ်...
သူ...သူ....ကျနော့်ကို ပစ်ခဲ့လည်း......
ကျနော် .....ကျနော်.....ကျနော်..သူ့ ကို..ချစ်နေဆဲပါပဲ......ကျနော် သူ့ ကို ချစ်နေဆဲပါပဲဗျာ

(ဘီယာမူးကြောင်ကြောင်နှင့် ဒူးတစ်ချောင်းထောင်ပြီးရေးသည်)
နက္ခတ်သျှင်
2nd Nov 09
03:32AM
ခေတ္တ လူ့ ပြည်

***ကမ္ဘာတစ်ခြမ်းမှ အလွမ်းများ***


သူမနဲ့  ကျနော်က
ကမ္ဘာတစ်ခြမ်းဆီမှာ
ဒါပေမယ့်......
သူမရှိရာအရပ်ကို
မှန်းဆကြည့်တော့
ကျနော်နဲ့  အနီးကပ်ဆုံးမှာ
သူမရှိနေတရ်......
ဒီရင်ဘတ်ထဲမှာ
သူမက ပြုံးပြနေသေးတရ်လေ....
သူမကို လွမ်းခဲ့တဲ့
နေ့ ရက်တွေကိုသာ
စာတမ်းအဖြစ် ပြုစုရရင်
ကျနော် အလွမ်းနိုဗယ်လ်(novel)ဆု
ဂုဏ်ပြုခံရမှာ အသေအချာပါပဲ.....
တစ်ယောက်တစ်နယ်စီ
ဝေးနေရပေမယ့် သူမကိုချစ်တဲ့
ကျနော့်သွေးကတော့ ခပ်နွေးနွေးလေး စီးဆင်းဆဲပါပဲ....
အခြေအနေများ ပေးခဲ့ရင်
သူမရှိရာ အရပ်ဆီ
လေအဆန်ကို ပျံခွဲ
ငှက်တစ်ကောင်အလား
မရပ်မနား ပျံသန်းသွားချင်တရ်.....
အခုတော့......
တစ်ယောက်နဲ့ တစ်ယောက်
ကမ္ဘာတစ်ခြမ်းဆီက လွမ်းနေရုံလေးနဲ့ 
ကျေနပ်နေရတရ်......
လောလောဆယ်တော့
လူတိုင်းပိုင်ဆိုင်နိုင်တဲ့
အိပ်မက်ဆိုတဲ့ ကမ္ဘာလေးထဲမှာ
စိတ်ကူးဆိုတဲ့ ယာဉ်ကြီးနဲ့ 
ကျနော်တို့  ၂ယောက် ခရီးသွားနေကြတရ်.....


(အေးစိမ့်တဲ့ မိုးညတွေမှာ အိပ်ရေးဝနိုင်ပါစေ ခလေးရေ...နောင်တစ်ချိန်မှာတော့ အနမ်းနွေးနွေးနဲ့  ထွေးဖက်ပေးပါ့မရ်)

ဘီယာမူးကြောင်ကြောင်နှင့် ဒူးတစ်ချောင်းထောင်ပြီး ရေးသည်....
နက္ခတ်သျှင်
8th Nov 09
6;49 AM