Tuesday, January 19, 2010

***အရှုံးထဲမှာ ပြုံးနေမိသူ***


မျှော်လင့်မှန်းဆနေချင်ပါရဲ့ 
နင်လာမယ့် လမ်းဆီကိုပေါ့
ဒါပေမယ့်လည်း..........
နင်က ယောင်ရမ်းတမ်းတလို့ တောင်
ခြေတစ်လှမ်းမှ မလှမ်းတာ
ဖြေသာချင်ပါရဲ့ 
ငါ့ဝေဒနာတွေကိုပေါ့
ဒါပေမယ့်လည်း.........
သေရာပါ ဖြစ်နေတော့
အဖြေရှာလည်း ရူးမှာပါပဲ
အပြစ်တင်ချင်ပါရဲ့ 
ငါ့ အသည်းနှလုံးကို
လိုမှ သုံးတဲ့ နင့်ကို
ဒါပေမယ့်လည်း.........
ငါက အဲအရှုံးတွေထဲမှာ
ဘာ့ကြောင့် ပြုံးနေမိပါလိမ့်
သတ်မှတ်ချင်ပါရဲ့ 
နင် ရက်စက်တရ်လို့ 
ဒါပေမယ့်လည်း.........
ငါက နင်နဲ့  ပတ်သက်ရမှ
နေတတ်တဲ့ကောင်ကိုး
အခုတော့...........
အရင်လိုပဲပေါ့
မရေရာ မသေခြာတဲ့ ငါဟာ
အထီးကျန်လမ်းမှာ
အကျည်းတန်စွာနဲ့  လှမ်းလျှောက်နေဆဲပါပဲ....။ ။

နက္ခတ်သျှင်

No comments:

Post a Comment