Tuesday, January 19, 2010

***ကမ္ဘာတစ်ခြမ်းမှ အလွမ်းများ***


သူမနဲ့  ကျနော်က
ကမ္ဘာတစ်ခြမ်းဆီမှာ
ဒါပေမယ့်......
သူမရှိရာအရပ်ကို
မှန်းဆကြည့်တော့
ကျနော်နဲ့  အနီးကပ်ဆုံးမှာ
သူမရှိနေတရ်......
ဒီရင်ဘတ်ထဲမှာ
သူမက ပြုံးပြနေသေးတရ်လေ....
သူမကို လွမ်းခဲ့တဲ့
နေ့ ရက်တွေကိုသာ
စာတမ်းအဖြစ် ပြုစုရရင်
ကျနော် အလွမ်းနိုဗယ်လ်(novel)ဆု
ဂုဏ်ပြုခံရမှာ အသေအချာပါပဲ.....
တစ်ယောက်တစ်နယ်စီ
ဝေးနေရပေမယ့် သူမကိုချစ်တဲ့
ကျနော့်သွေးကတော့ ခပ်နွေးနွေးလေး စီးဆင်းဆဲပါပဲ....
အခြေအနေများ ပေးခဲ့ရင်
သူမရှိရာ အရပ်ဆီ
လေအဆန်ကို ပျံခွဲ
ငှက်တစ်ကောင်အလား
မရပ်မနား ပျံသန်းသွားချင်တရ်.....
အခုတော့......
တစ်ယောက်နဲ့ တစ်ယောက်
ကမ္ဘာတစ်ခြမ်းဆီက လွမ်းနေရုံလေးနဲ့ 
ကျေနပ်နေရတရ်......
လောလောဆယ်တော့
လူတိုင်းပိုင်ဆိုင်နိုင်တဲ့
အိပ်မက်ဆိုတဲ့ ကမ္ဘာလေးထဲမှာ
စိတ်ကူးဆိုတဲ့ ယာဉ်ကြီးနဲ့ 
ကျနော်တို့  ၂ယောက် ခရီးသွားနေကြတရ်.....


(အေးစိမ့်တဲ့ မိုးညတွေမှာ အိပ်ရေးဝနိုင်ပါစေ ခလေးရေ...နောင်တစ်ချိန်မှာတော့ အနမ်းနွေးနွေးနဲ့  ထွေးဖက်ပေးပါ့မရ်)

ဘီယာမူးကြောင်ကြောင်နှင့် ဒူးတစ်ချောင်းထောင်ပြီး ရေးသည်....
နက္ခတ်သျှင်
8th Nov 09
6;49 AM

1 comment:

  1. ဒါလဲမိုက်တာဘဲကွာ။။အ၇မ်းကျေကွဲရတဲ့ ကဗျာလေးပါ ။
    သတိရသွားပြီကွာ..။

    ReplyDelete