Tuesday, January 19, 2010

***ကိန်းသေ***


မထင်မှတ်သော စကားတစ်ခွန်း
မမျှော်လင့်သော အရာတိုင်းကို
လက်ခံရတဲ့အခါမှာ
ကြီးစွာသော ပျော်ရွှင်မှုကို ရရှိစေသလို
ကြီးစွာသော ၀မ်းနည်းမှုကိုလည်း ရရှိစေတတ်ပါတရ်...........
အချစ်က ဘာလဲလို့ မေးခွန်းတွေ အထပ်ထပ်မေးချင်နေပေမယ့်
မဆုံခင်ကတည်းက ဝေးနေခဲ့ရတာပဲ.......
မတူညီမှုတွေ များစွာထဲက
မင်းနဲ့ ပတ်သတ်တဲ့ အရာတိုင်းကို
ချစ်နိုင်အောင် ကြိုးစားခဲ့တာ ငါ့ရဲ့ အမှားလား...........
ချစ်သူက ထိလိုက်တဲ့ အရာတိုင်းကို
အလှဆုံးလို့  ယုံကြည်မိတဲ့သူက
ကိုယ်ဖြစ်နေတရ်လေ.......
ထားလိုရာမှာ ထားခဲ့ပါ
စေလိုရာကို ခရီးနှင်ပါ
ပိုင်ဆိုင်ခွင့်ဆိုတာ
လက်လှမ်း မမှီရင်တောင် အဝေးကနေ ချစ်နေပါရစေ........
ချစ်သူအပေါ် မပြောင်းလဲနိုင်တဲ့ ခံယူချက်က
နားလည်ခြင်းတရားနဲ့ ပေးဆပ်ခြင်း သက်သက်ပါလို့ 
ထပ်ခါ ထပ်ခါ ပြောချင်ပေမယ့် အင်အားတွေ မဲ့နေခဲ့ရတရ်.......
စကားလုံးတွေအစား မျက်ရည်တွေပဲ အစားထိုးမိတာကို
ပျော့ညံ့လွန်းတရ်လို့  ဆိုလေမလား.....
ကောင်မလေးရရ်.............
အဝေးဆုံးမှာထားခဲ့ရင်တောင်
ကျေနပ်စွာနဲ့  နေခဲ့မှာပါ
ပေးခဲ့ဖူးတဲ့ အရာတိုင်းကို ပြန်ယူသွားဆိုရင်လည်း ယူသွားပါ့မရ်.........
ဒါပေမယ့်...............
မင်းကို ချစ်တဲ့ အချစ်တော့ ပြန်ယူမသွားပါရစေနဲ့ ကွာ..................


AuTumn

No comments:

Post a Comment