Tuesday, January 19, 2010

***ဒီဇင်ဘာဆောင်းညတွေကို ဖြတ်သန်းခဲ့ရတဲ့ ငါ့အကြောင်း***


အတိတ်ကို မေ့မရလေသမျှ
စိတ်ထဲက မင်းပုံရိပ်တွေဟာ
နှင်းတွေလိုတော့ ပြိုမဆင်းသွားပါဘူး.....
ငါ့ရဲ့ ည အိပ်မက်မှာလည်း
မင်းပုံရိပ်တွေက ထင်ဟပ်နေဆဲပါပဲ
တောင်ရောက် မြောက်ရောက် အတွေးတွေကို
စုစည်းပြန်တော့လည်း
မင်းအရိပ်ပဲ စိုးမိုးနေတရ်.....

သူများတွေ တစ်ရေးနိုးချိန်မှာ
ငါက တစ်မှေးမှ အိပ်မပျော်
ချမ်းစိမ့်စိမ့် အအေးဓါတ်ကို
အနမ်းနွေးနွေးနဲ့  ထွေးဖက်ခံချင်ပေမယ့်
အလှမ်းဝေးနေတဲ့ ချစ်သူလေးကြောင့်
ဒီဇင်ဘာဆောင်းညတွေမှာ
အိပ်ရေးမ၀လိုက်တာ အချစ်ရာ

(အမည်မသိ)

No comments:

Post a Comment