Tuesday, January 19, 2010

***Зэяо မှသည် Нэяо >>>>>> Нэяо မှသည် Зэяо သို့ ***


ချစ်သူ.........
ဟိုအရင် တစ်ချိန်ကဆို
မင်းရဲ့  ရာဇ၀င်မှာ ငါက Heroတဲ့
အဲ့ဒိတစ်ချိန်ကဆို......
ငါဆိုပြခဲ့တဲ့ သီချင်းတွေက
မင်းအတွက် အလွန်နားဝင်ချိုခဲ့တရ်တဲ့
ညအိပ်ရာဝင်ခါနီးတိုင်း
ငါ ဖုန်းထဲကနေ
သီချင်းဆိုမသိပ်ခဲ့တဲ့ ညတွေမှာ
ဘယ်လိုမှ မအိပ်စက်တတ်ခဲ့ပါဘူးလို့ 
ပြောခဲ့တဲ့မင်းက
အခုတော့.....
Ipod လေးနဲ့  မှေးစက်တတ်နေပြီလား....
မြင်လှည့်ပါ ချစ်သူ......
ငါ့သံစဉ်တွေက မင်းမရှိတော့
နရီစည်းဝါး မဲ့နေလိုက်တာများ
နားခိုရာ ကင်းတဲ့ ငှက်ငယ်အလားပေါ့
ဟော....မင်းချစ်ခဲ့ဖူးတဲ့ ငါ့ဂစ်တာလေးလည်း
ဟိုချောင်မှာ ငိုနေပါ့လား.....
ငါ့ဘ၀မှာ မင်းမရှိမှတော့
အရာရာဟာ ရှင်သန်ခြင်း နတ္ထိပါလား.....
အခုတော့......
မင်းရဲ့  တစ်ချိန်က Hero လေးဟာ
မင်းမရှိတော့ ......................
(တခြားသူတွေအတွက် ငါ Zero ဖြစ်နေပေမယ့် ငါ မင်းအတွက်တော့ Hero ဖြစ်ချင်ပါတရ်)
(ဘီယာမူးကြောင်ကြောင်နှင့် ဒူးတစ်ချောင်းထောင်ပြီးရေးသည်)
ပုံ/
နက္ခတ်သျှင်
26th Oct 09
23:38 pm

No comments:

Post a Comment